Mobile Natwork နဲ့ ပတ်သတ်ပြီး သိသင့်တဲ့အချက်လေးများ

Mobile Natwork နဲ့ ပတ်သတ်ပြီး သိသင့်တဲ့အချက်လေးများ
မိုဘိုင်းသမားတစ်ယောက်အနေနဲ 
လေ့လာထားသင့်ပါတယ်။
1G, 2G, 3G, 4G (LTE), GSM နဲ့ CDMA တို့ရဲ့ကွာခြားချက်များနဲ့လုပ်ဆောင်ပုံ….
1G ဆိုတာ first generation radio ကြိုးမဲ့ဆက်သွယ်ရေးနည်းပညာကိုအတိုချုပ်ခေါ်ဆိုထားခြင်းပဲဖြစ်ပါတယ်။ နောက်ထပ်ပြောရမယ်ဆိုရင် 1G ဆိုတာ GSM (Global System for Mobile Communication) Standards တွေပေါ်မှာစတင်တည်ဆောက်ထားပြီး data signal များဟာ Analog Signal များပဲဖြစ်ပါတယ်။ Data Transfer Rate အနေနဲ့ကတော့ 28kbps မှ 56kbps အထိသာရှိပါတယ်။ ဖုန်းပြောဆိုရန်သာအသုံးပြုနိုင်ပြီး တစ်ခြား SMS ပေးပို့ခြင်း Internet အသုံးပြုခြင်းတွေကိုတော့ ပြုလုပ်နိုင်ခြင်းမရှိပါဘူး။
2G ဆိုတာ second generation digital ကြိုးမဲ့ဆက်သွယ်ရေးနည်းပညာကိုအတိုချုပ်ခေါ်ဆိုထားခြင်းပဲဖြစ်ပါတယ်။ နောက်ထပ်ပြောရမယ်ဆိုရင် 2G ဆိုတာ GSM (Global System for Mobile Communication) Standards တွေပေါ်မှာစတင်တည်ဆောက်ထားပြီးသူ့အရင်1G အဆင့်မြှင့်တင်ထားခြင်းပဲဖြစ်ပါတယ်။ 1G မှာတုန်းကဆိုရင် data signal များဟာ Analog Signal တွေပဲဖြစ်ပြီး 2G မှစတင်ကာ Analog Signal ကို Digital Signal တွေအဖြစ်စတင်ပြောင်းလဲခဲ့ပါတယ်။ 2G Network ကိုအသုံးပြုတဲ့ mobile phone တွေဟာဆိုရင် SMS ပေးပို့ခြင်း ဖုန်းခေါ်ဆိုခြင်းစတဲ့ဝန်ဆောင်မှုတွေကိုပဲလုပ်ဆောင်နိုင်ပါတယ်။ 2G ကိုမြှင့်တင်ထားတဲ့ 2.5G (GPRS), 2.75G (EDGE) မှစတင်ပြီး Picture Message or MMS (Multimedia Message) ပေးပို့ခြင်း Internet အသုံးပြုခြင်း အစရှိတဲ့ဝန်ဆောင်မှုတွေကို စတင်လုပ်ဆောင်နိုင်တာဖြစ်ပါတယ်။
2G မှာအဓိကအားဖြင့် နည်းပညာ၂ခုကိုအသုံးပြုပါတယ်။ TDMA (Time Division Multiple Access) နှင့် CDMA (Code Division Multiple Access) ဆိုပြီး နည်းပညာ၂ခုကိုအသုံးပြုပါတယ်။ ကမ္ဘာ့ ၈၀ရာခိုင်နှုန်းရဲ့ mobile phone အသုံးပြုသူများဟာ GSM (TDMA Based) Network ကိုအသုံးပြုကြပြီး ကျန်တဲ့ ၂၀ရာနှုန်းကတော့ CDMA Network ကိုအသုံးပြုကြပါတယ်။ ဒီနေရာမှာ Mobile ဆက်သွယ်ရေး Network ကို၂မျိုးခွဲခြားထားနိုင်ပါတယ်။ GSM (TDMA Based) နဲ့ CDMA ဆိုပြီး ဖြစ်ပါတယ်။ 2Gမှာအမြင့်ဆုံး Data Transfer Rate မှာ 9.6 to 14.4 kbps (kilobits per second) ထိသာရှိပါတယ်။
3G ဆိုတာ third generation digital ကြိုးမဲ့ဆက်သွယ်ရေးနည်းပညာကိုအတိုချုပ်ခေါ်ဆိုထားခြင်းပဲဖြစ်ပါတယ်။ 3G Network မှာဆိုရင် VOIP (Voice Over Internet Protocol), Mobile Internet Access, Video Calls, Mobile TV အစရှိတဲ့ ဝန်ဆောင်မှုတွေကို မိမိရဲ့ mobile phone မှတစ်ဆင့်အသုံးပြုနိုင်ပြီး Data Transfer Rate အနေနဲ့ 500 kbps မှစတင်ကာ 3.1 Mbps အထိရရှိနိုင်ပါတယ်။
4G ဆိုတာ fourth generation digital ကြိုးမဲ့ဆက်သွယ်ရေးနည်းပညာကိုအတိုချုပ်ခေါ်ဆိုထားခြင်းပဲဖြစ်ပါတယ်။ 4G Network မှာဆိုရင် 3G Network မှာအသုံးပြုနိုင်တဲ့ ဝန်ဆောင်မှုတွေအပြင် High Definition (HD) Video Streaming, 3D Video Streaming နဲ့ Cloud Computing အစရှိတဲ့ဝန်ဆောင်မှုတွေကို mobile phone မှတစ်ဆင့်အသုံးပြုနိုင်ပါတယ်။ Data Transfer Rate အနေနဲ့ကတော့ 3Mbps မှ 100Mbps အထိရရှိနိုင်ပါတယ်။
ဒီ 4G မှာမှ 4G LTE-Advanced ဆိုတာရှိပါသေးတယ်။ ဒီ 4G LTE-Advanced ကတော့နိုင်ငံတိုင်းမှာမရရှိနိုင်သေးတဲ့အပြင် အခုမှစမ်းသပ်ကာလပဲရှိပါသေးတယ်။ 4G LTE-Advanced ဟာဆိုရင် Data Transfer အနေနဲ့ 100Mbps မှ 1Gbps အထိရရှိမှာဖြစ်ပါတယ်။
ဒီနေရာမှာထူးခြားချက်တစ်ခုအနေနဲ့ကတော့ 2G မှစတင်ပြီး 3G, 4G အစရှိတဲ့ Network တိုင်းဟာ TDMA (Time Division Multiple Access) နှင့် CDMA (Code Division Multiple Access) ဆိုပြီး နည်းပညာ၂ခုကိုအသုံးပြုကြတာဖြစ်ပါတယ်။ အသုံးပြုတဲ့ နည်းပညာပေါ်မူတည်ပြီး ရရှိနိုင်မယ့် Data Transfer Rate ကွာခြားသွားနိုင်သလို အသုံးပြုတဲ့ Handset အမျိုးအစားလည်းကွာခြားသွားပါတယ်။
TDMA Based နည်းပညာကိုအသုံးပြုတဲ့ GSM Network တွေမှာ အသုံးပြုတဲ့ Handset တွေကို CDMA Based နည်းပညာကိုအသုံးပြုတဲ့ CDMA Network တွေမှာအသုံးပြုလို့မရပါဘူး။ ဘာလို့ဒီလိုဖြစ်ရသလဲဆိုတော့ သူတို့အသုံးပြုတဲ့ Frequency Band ကြောင့်ပါ။ CDMA ဟာ Frequency Band အားဖြင့် ၂မျိုးသာရှိပါတယ်။ 450MHz နဲ့ 800 MHz ဆိုပြီး။ ပြီးတော့ CDMA ရဲ့ Frequency Band ဟာ Single Frequency Band အမျိုးအစားဖြစ်ပါတယ်။ ဆိုလိုတာက 450MHz မှာအသုံးပြုတဲ့ Handset ဟာ 450MHz Network မှာပဲအသုံးပြုလို့ရပါတယ်။ 800 MHz မှာသွားသုံးလို့မရပါဘူး။ GSM ရဲ့ Frequency Band ကတော့ Multiple Frequency Band အမျိုးအစားဖြစ်ပြီး 850/900/1800/1900 MHz အစရှိသဖြင့်ရှိပါတယ်။ ဒါကြောင့် GSM ဖုန်းတစ်လုံးဟာ မည်သည့် Frequency Band နဲ့မဆိုအသုံးပြုနိုင်ပါတယ်။subscribe YouTube channel

Comments

Popular Posts