မငိုပါနဲ့တော့
~ မငိုပါနဲ့တော့
ကလေးလည်း မဟုတ်တော့ဘူး
~ ရင့်ကျက်ပါတော့
အတွေ့အကြုံတွေ ရှိနေပြီပဲ
~ နားလည်ပါတော့
အချိန်တွေ လွန်ကုန်လိမ့်မယ်
~ မစောင့်စားပါနဲ့တော့
အရှိ ရှိတိုင်းကို လက်သင့်ခံသင့်နေပြီ
~ ဖြစ်ချိန်တန်လို့ ဖြစ်တယ်လို့ မှတ်ယူလိုက်ပါတော့
အသင့်နေရာမှာ ရှိသင့်နေပြီနော်
~ အတိတ်တွေ အစမဖော်ပါနဲ့တော့
အနာဂတ်ကိုပဲ တည့်တည့်လျှောက်ရမယ်လေ
~ ကြိုးစားလိုက်ပါတော့
အရာရာတိုင်းကို လက်သင့်ခံနေတတ်သူအနေနဲ့
~ မေ့ထားလိုက်ပါတော့
မဖြစ်နိုင်တာတွေကိုယ်
~ ရုန်းထွက်လိုက်ပါတော့
လက်ရှိအခြေအနေကနေ
~ ရုန်းကန်ပြလိုက်ပါတော့
အရည်အချင်းဘယ်လောက်ရှိတယ်ဆိုတာ
~ အပြောတွေ ချန်ခဲ့လိုက်ပါတော့
လက်တွေ့ဆိုတာ ရှိနေတာပဲ
~ ခြေလှမ်းတွေ အစပျိုးလိုက်ပါတော့
အောင်မြင်ခြင်းကို လက်ဆုပ်ကိုင်ထားနိုင်အောင်လို့ပါ
~ စိတ်ကူးတွေ စွန့်ပစ်လိုက်ပါတော့
မနက်ဖြန်ဆိုတာ ဘာလဲလို့ သိအောင်လို့လေ
~ အမှောင်ထဲမှာ မနေနေပါနဲ့တော့
မျက်လုံးဖွင့်ချိန်တန်ပြီ
~ တံခါးလေး ဖွင့်လိုက်ပါတော့
သော့တစ်ချောင်း ရှိနေပြီပဲ
~ အမှန်တရားကို
မြင်အောင် ကြည့်ပါတော့
အမှားတွေ မရှိအောင် နေဖို့လေ
~ အပူမီးတွေ ခေါက်ထားလိုက်.....။ ။
ကလေးလည်း မဟုတ်တော့ဘူး
~ ရင့်ကျက်ပါတော့
အတွေ့အကြုံတွေ ရှိနေပြီပဲ
~ နားလည်ပါတော့
အချိန်တွေ လွန်ကုန်လိမ့်မယ်
~ မစောင့်စားပါနဲ့တော့
အရှိ ရှိတိုင်းကို လက်သင့်ခံသင့်နေပြီ
~ ဖြစ်ချိန်တန်လို့ ဖြစ်တယ်လို့ မှတ်ယူလိုက်ပါတော့
အသင့်နေရာမှာ ရှိသင့်နေပြီနော်
~ အတိတ်တွေ အစမဖော်ပါနဲ့တော့
အနာဂတ်ကိုပဲ တည့်တည့်လျှောက်ရမယ်လေ
~ ကြိုးစားလိုက်ပါတော့
အရာရာတိုင်းကို လက်သင့်ခံနေတတ်သူအနေနဲ့
~ မေ့ထားလိုက်ပါတော့
မဖြစ်နိုင်တာတွေကိုယ်
~ ရုန်းထွက်လိုက်ပါတော့
လက်ရှိအခြေအနေကနေ
~ ရုန်းကန်ပြလိုက်ပါတော့
အရည်အချင်းဘယ်လောက်ရှိတယ်ဆိုတာ
~ အပြောတွေ ချန်ခဲ့လိုက်ပါတော့
လက်တွေ့ဆိုတာ ရှိနေတာပဲ
~ ခြေလှမ်းတွေ အစပျိုးလိုက်ပါတော့
အောင်မြင်ခြင်းကို လက်ဆုပ်ကိုင်ထားနိုင်အောင်လို့ပါ
~ စိတ်ကူးတွေ စွန့်ပစ်လိုက်ပါတော့
မနက်ဖြန်ဆိုတာ ဘာလဲလို့ သိအောင်လို့လေ
~ အမှောင်ထဲမှာ မနေနေပါနဲ့တော့
မျက်လုံးဖွင့်ချိန်တန်ပြီ
~ တံခါးလေး ဖွင့်လိုက်ပါတော့
သော့တစ်ချောင်း ရှိနေပြီပဲ
~ အမှန်တရားကို
မြင်အောင် ကြည့်ပါတော့
အမှားတွေ မရှိအောင် နေဖို့လေ
~ အပူမီးတွေ ခေါက်ထားလိုက်.....။ ။
Comments
Post a Comment