ဥယျာဉ်မှူးနဲ့တူသူ
အရာရာကိုခွင့်လွှတ်စွန့်လွှတ်တတ်သူဟာ
ဦးရင်မှူးနဲ့တူကြတယ်
ဦးရင်မှူးဆိုတာသူတို့တယုတယမြေတောင်မြှောက်စိုက်ပျိုးခဲ့တဲ့သစ်ပင်ပန်းပင်လေးတွေကို
ဘယ်အချိန်မှာအသီးသီးမလည်း
ဘယ်အချိန်မှာအပွင့်ပွင့်မလည်းအမြဲစောင့်ကြည့်ကာနေကြတယ်
အသီးကနေအငုံ
အငုံကနေအပွင့်ပွင့်လာပြန်ရင်လည်း
ကြွေကျသွားမှာစိုးသိအလား
တစ်စိမ့်စိမ့်ငေးကာ
ကျေနပ်ကြည်နူးမှုအပြည့်နဲ့
မျှော်လင့်ချက်ကင်းစွာဂရုတစိုက်စောင့်ရှောက်ပေးလျှက်ရှိပါသော်လည်း
ပန်းဆိုတဲ့အမျိုးကတော့
ခူးသူမရှိလည်းညှိုးမှာပါဘဲ
ခူးသူရှိလည်းညှိုးမှာပါဘဲ
ခူးသူမရှိဘဲညှိုးရတဲ့ပန်းကတော့
သိပ်ကိုသန့်ရှင်းပေမဲ့
အရမ်းလည်းအထီးကျန်လွန်းလှတယ်
ခူးသူရှိလို့ညှိုးရတဲ့ပန်းကတော့
ခူးတဲ့သူကအဲဓိပန်းလေးကို
မြတ်မြတ်နိုးနိုးတန်ဖိုးထားတဲ့သူဖြစ်နေရင်တော့
အဲဓိပန်းကလေးဟာညှိုးနွမ်းရသော်လည်းသိက္ခာရှိစွာ
ညှိုးနွမ်းရတာဖြစ်လို့ညှိုးနွမ်းရကျိုးနပ်ပါတယ်
ပန်းဆိုတာညှိုးနွမ်းတတ်တဲ့အမျိုးဆိုတာကို
လောကမှာရှိတဲ့လူသားတိုင်းသိထားပြီးဖြစ်လျင်ကစား
လောကမှာမညှိုးသောပန်းလေးတစ်ပွင့်ကတော့
တင့်တယ်လှပစွာဖူးပွင့်လျှက်ရှိနေပါသေးတယ်
အဲဓိပန်းကလေးကတော့
သစ္စာအလှတောက
ချစ်လှစွာသောမေတ္တာပန်းကလေးပဲဖြစ်ပါတော့တယ်ရှင်! # တမာဝေတဲ့အညာမြေ
Comments
Post a Comment