ဖုန်းလေးရယ်

ဖုန်းလေးရယ်
ငါခံစားရတိုင်းမင်းကိုဘဲအဖော်ပြုပြီးရင်ဖွင့်နေရတယ်
မင်းကိုလည်းအားနာလှပါပြီ
ညစဉ်ညတိုင်း
အခန်းကျင်းလေးထဲ
တစ်ယောက်တည်းနာရီပေါင်းများစွာ
တိတ်တိတ်လေးကြိတ်ငိုကြွေးနေရတဲ့
ငိုကြွေးခြင်းတွေဟာ
ဘယ်တော့များမှအဆုံးသတ်မှာလည်းနော်
တစ်ခါတစ်လေသူတစ်ယောက်များ
ဖုန်းထဲမှာရှိနေမလားအမှတ်နဲ့
ဖုန်းလေးကိုနားနားကပ်ကာ
အရူးတစ်ယောက်လိုစကားတွေအကြာကြီးပြောနေမိတယ်
လူဆိုတာကလည်းခက်တော့ခက်သားလား
မဖြစ်နိုင်ဘူးဆိုတာကိုမှ
ဖြစ်ခြင်ကြတယ်
မရနိုင်ပါဘူးဆိုတာကိုမှ
လိုခြင်ကြတယ်
မမှီတဲ့ပန်းကို
တုံးခုလှမ်းခြင်ကြတယ်
တုံးခုလှမ်းယူလို့မှမရရင်
အပင်ပေါ်အထိတက်ခူးခြင်ကြတယ်
အဲဓိအထဲတော့ကိုယ်တွေမပါဘာဘူး
ကိုယ်ကကြွေကျမြေခရတဲ့
ခရေပန်းလေးဖြစ်နေခဲ့ရင်တောင်
ချစ်တဲ့သူတစ်ယောက်ပင်ရန်ထက်ကနန်းထိုက်တဲ့တော်ဝင်သဇင်လို
ဂုဏ်သိက္ခာရှိစွာတင့်တယ်ဝင့်ထယ်နေတာကိုငေးကာ
ကျေနပ်‌ကြည်နူးနေမိမှာအမှန်ပါ
!ဤစာအား စာရေးသူ၏ခွင့်ပြုချက်နှင့်တင်ခြင်းဖြစ်ပါတယ်။ # တမာဝေတဲ့အညာမြေ

Comments

Popular Posts